Selfridges (Oxford St.) ကုန်တိုက်ရှေ့မှ Rickshaw driver များ

Selfridges ကုန်တိုက်အရှေ့ (Oxford Street)

မနေ့က အလုပ်ကအပြန် လမ်းလျောက်ဓာတ်ပုံရိုက်ရင်း Selfridges ကုန်တိုက်ရှေ့ကဖြတ်လျောက်လာမိတယ်။ အဲဒီမှာ Rickshaw (Bike Taxi) သမားတွေအများကြီးစောင့်နေတာတွေ့တော့ ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားလိုက်တယ်။ သူတို့စောင့်နေတာကတော့ အဓိကက Middle East ကလာတဲ့ ဈေးဝယ်တဲ့သူတွေပါပဲ။

 ဒီဇိုင်းအဆန်းတွေနဲ့

ဒီဇိုင်းအဆန်းတွေနဲ့

Rickshaw တွေမှာ ဒီဇိုင်းပေါင်းစုံ အရောင်ပေါင်းစုံနဲ့အလှဆင်ထားပြီး သွားနေရင်းမှာ သီချင်းမျိုးစုံလည်း ဖွင့်ပေးထားတတ်ကြတယ်။ ဒါပေမဲ့ ကုလားသီချင်းတွေပဲများပါတယ် :D

 Selfridges အရှေ့မျက်နှာစာနှင့် Rickshaw များ

Selfridges အရှေ့မျက်နှာစာနှင့် Rickshaw များ

လန်ဒန်ကိုအလည်လာရင်း စီးမယ်ဆိုရင်တော့ ဈေးမေးပြီးမှသာ ကြည့်ကြပ်စီးကြပါလို့ အကြံပေးချင်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကပဲ ၉  မိနစ်လောက်ပဲစီးတာကို rickshaw driver တစ်ယောက်ကနေ £150 ယူလို့ ရဲခေါ်ဘာခေါ်နဲ့ သတင်းစာထဲတောင် ပါလာသေးတယ်။